ထီးလင်းမြို့နယ်တွင် လက်ပြန်ကြိုးတုပ် မီးရှို့ခံထားရသော ရုပ်အလောင်းများ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထီးလင်းမြို့နယ်တွင် လက်ပြန်ကြိုးတုပ် မီးရှို့ခံထားရသော ရုပ်အလောင်းများ တွေ့ရှိ

.

ထီလင်းမြို့နယ် အနောက်ဘက်ကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်၊ ညနေပိုင်းက စစ်ကောင်စီတပ်၏ လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိခဲ့ကြောင်း YDF က ထုတ်ပြန်ထားသည်။

.

.

စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် အနောက်ဘက်ကျေးရွာ မီးလောင်ပြင်တွင် ရုပ်အလောင်း ၂ လောင်းကို ဦးစွာ တွေ့ရှိခဲ့ပြီး နောက် နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ရာမှ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အနောက်ဘက်ကျေးရွာမှ ပြည်သူ ၆ ဦး ပျောက်ဆုံးနေရာ ယခု တွေ့ရှိသည့် ရုပ်အလောင်း ၄ လောင်းမှာ ပျောက်ဆုံး နေသူများဟုတ်မဟုတ် အတည်မပြုနိုင်သေးသလို ကျန် ၂ ဦး၏ အခြေအနေကိုလည်း မသိရှိရသေးကြောင်း YDF မှ ဗျူဟာမှူးက ပြောဆိုထားသည်။

.

စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် အနောက်ဘက် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာမှာ ပြည်သူလေးဦးကိုပါ နေအိမ်နှင့် တွဲပြီးမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

[ Photo – YDF ]

.

Journal Download

Photo of three cats