လားရှိုးတွင် ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျပြီး အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျပြီး အမျိုးသားတစ်ဦး သေဆုံး

.

လားရှိုးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းက ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျပြီး အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ အမှတ် (၇) ရပ်ကွက် ၊လွယ်ပြေတောင်တက်လမ်းရှိ နေအိမ်ခြံဝင်းတစ်ခုတွင် ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၁၁ နာရီခန့်က အုတ်တံတိုင်းပြိုကျခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် အမျိုးသားတစ်ဦး ပိမိသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သေဆုံးသူ အမျိုးသားအား လာရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats