ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးပြီး ၃၂ ဦး လက်နက်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးပြီး ၃၂ ဦး လက်နက်ချ

.

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင် စခန်းသိမ်းတိုက်ပွဲ တွင် စစ်ကောင်စီတပ်ဘက်က ၈ ဦး သေဆုံးပြီး ၃၂ ဦး လက်နက်ချ အဖမ်းခံခဲ့ကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

.

.

KNLA တပ်ရင်း ၁၇၊ တပ်ရင်း ၂၇၊ Federal WingSOFPDF (နဂါးနီ) စစ်ကြောင်းတို့ ပူးပေါင်း၍ ကွီလုံတိုင် စခန်းသိမ်းတိုက်ပွဲအဖြစ် အောက်တိုဘာလ ၂၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၂၆ ရက်တွင် စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

မြေပြင်သတင်းများအရ စစ်ကောင်စီဘက်မှ ၄ ဦး၊ BGF မှ ၄ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးနှင့် BGF ၁၇ ဦး လက်နက်ချ အဖမ်းခံခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

.

ကွီလုံတိုင်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသခံများ ထိခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

.

အဆိုပါ ကွီလုံတိုင် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတွေ MA1 ၄ လက်၊ MA2 ၃ လက်၊ MA3 ၆ လက်၊ MA4 ၁ လက်၊ MA5 ၂ လက်၊ M16 ၄ လက်၊ AK ၅ လက်၊ Sniper ၁ လက်၊ 40 mm ၁ လက်၊ 60 mm ၁ လက်၊ RPG ၂ လက်၊ ကာဘိုင် ၁၂ လက်၊ noto စက်လတ် ၁ လက်အပြင် ခဲယမ်း၊ ကျည်၊ ဗုံးသီးအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဖော်ပြထားသည်။

.

Journal Download

Photo of three cats