ရေးမြို့နယ်မှ စစ်ကောင်စီတပ် ကင်းဂိတ်ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေးမြို့နယ်မှ စစ်ကောင်စီတပ် ကင်းဂိတ်ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

.
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၃၁၆)အမြောက်တပ်ရင်း ကင်းဂိတ်ကို ယနေ့ အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီခွဲတွင် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (Mon State Revolutionary Organization) က ၄၀ မမဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိသော်လည်း သေဆုံး/ဒဏ်ရာရ စာရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်တွင်းမှ စစ်ကားတစီး ထွက်လာသောကြောင့် MSRO အဖွဲ့ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
.
MSRO အဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ ၅ ရက်ကလည်း ရေးမြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ သီရိဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats