.
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်
ယနေ့ အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းက မုန်တိုင်းအရှိန်ကြောင့် ရေတက်လာပြီး ကမ်းခြေအနီးရှိ
လူနေအိမ်နှင့် ဆိုင်ခန်းအချို့ ပျက်စီးခဲ့သည့်အတွက် ဒေသခံကျေးရွာသားများကို ဘေးလွတ်ရာသို့
ပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။
.
.ကမ်းခြေရှိ နေအိမ်များမှာ
လေအရှိန်ကြောင့် အမိုးများ ပျက်စီးသွားပြီး ရေကြီးနေသဖြင့် ဘုန်းကြီးကျောင်းနှင့် ကုန်းမြင့်
နေရာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
.
အဆိုပါ ဆင်တက်မော်ကျေးရွာတွင်
ဒီရေတိုက်စား၍ ကမ်းပါးများ ပြိုကျသည့်အတွက် ကမ်းထိန်းနံရံကျောက်တန်း ပျက်စီးကာ ရေထဲနစ်မြုပ်နေပြီး
စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
.
ထို့အပြင် မုန်တိုင်းအရှိန်ကြောင့်
ဒီရေတက်ပြီး၊ လိူင်းကြီး၍ လေထန်ကာ စိုးရိမ်ရသည့် အခြေအနေများရှိနေ၍ စက်လှေများကို
ချောင်းအတွင်းသို့ သွင်းထားရပြီး အနီးအနားရှိ ကျေးရွာ ၁၄ ရွာ၊ တစ်အုပ်စုလုံးအား
အန္တရာယ်မဖြစ်ရအောင် သတိပေးမှုများ ပြုလုပ်ထားသည်ဟု သိရသည်။
.
ဘင်္ဂလားပင်လယ်အော်
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း စီတရန် မုန်တိုင်း အန္တရာယ်ကြောင့်
ရခိုင်ကမ်းရိုးတမ်း တစ်လျှောက်ရှိ ငါးဖမ်းစက်လှေများနှင့် ပြည်တွင်း ရေကြောင်း
ခရီးစဉ်များကို လာမည့် အောက်တိုဘာ ၂၅ ရက်အထိ ယာယီရပ်နားထားကြောင်း သိရသည်။
.