.
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍
ဒေသခံပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
.
.
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည်
အောက်တိုဘာ ၆ ရက် နံနက် ၁၁ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်
မြောက်ခြမ်းရှိ ဇော်ချောင်းရွာအား ၄ ကြိမ်မြောက်
မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲပိုင်းတွင် သင်တောရွာသို့
လက်နက်ကြီး များပစ်ပြီး ထပ်မံဝင်ရောက်ခဲ့ကာ ယနေ့ အောက်တိုဘာလ ၇ ရက်၊ နံနက်ပိုင်းက
သင်တောကျေးရွာမှ အရှေ့မြောက်ဘက်ရှိ အောက်တဲကျေးရွာဘက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း
သိရသည်။
.
လက်ရှိ စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၇၅၀၀ ခန့်
ရှိပြီး ကန့်ဘလူခရိုင်တစ်ခုလုံးတွင် စစ်ရှောင် ၃၀၀၀၀ ခန့်ရှိကာ ကျေးရွာများမှ ဆက်တိုက်ထွက်ပြေးနေရသည့်အတွက်
ထပ်တိုးအရေအတွက် အတိအကျ မသိရှိရ သေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက
ပြောဆိုထားသည်။
.
စစ်ကောင်စီတပ်သည် ယခုနှစ်နှစ်လယ်ပိုင်းက
ဇော်ချောင်းရွာရှိ နေအိမ်တစ်လုံးကို စတင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၈ ရက်တွင် အိမ်ခြေ ၉၃ လုံး၊ အောက်တိုဘာ ၄ ရက်က အိမ်ခြေ ၃ လုံး၊ စုစုပေါင်း အိမ်ခြေ ၉၇ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
.
ဇော်ချောင်းကျေးရွာသည် အိမ်ခြေ ၁၈၀ ကျော်ရှိပြီး
လူဦးရေ ၁၀၀၀ ခန့်ရှိကာ လက်ရှိတွင် ဘေးလွတ်ရာ နေရာများသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း
သိရသည်။
.
[ Photo - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
]
.