.
တောင်ကြီးမြို့ပေါ်ရှိ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်းတိုင်ခြင်း၊ ထောက်ခံစာ
ယူခြင်းနှင့် အိမ်ရှင်အိမ်ငှားစာချုပ် ပြုလုပ်ခြင်းများနှင့်ပတ်သက်၍ ငွေကြေးတောင်းခံမှုများ
ရှိနေကြောင်း သိရသည်။
.
.ထောက်ခံစာပြုလုပ်ခြင်းနှင့်ပတ်သက်၍
ရပ်ကွက်ရုံးများတွင် တစ်စောင်လျှင် ၅၀၀၀ ကျပ်ခန့် တောင်းယူမှုများရှိနေပြီး ဧည့်စာရင်း
တိုင်ကြားပါက လာရောက်သည့် ဒေသပေါ်မူတည်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
.
“အရင်က ထောက်ခံစာသွားယူရင်
တစ်ထောင်လောက်ပဲ ပေးရတယ်။ အခု အလုပ်လျှောက်ဖို့အတွက် ထောက်ခံစာ သွားတောင်းတာ စာရွက်စာတမ်းဖိုးတွေ
ဈေးတက်သွားလို့ဆိုပြီး ၅၀၀၀ ပေးခဲ့ရတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ
ရပ်ကွက်အချို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများပေါင်း၍
ညအချိန်များတွင် ဧည့်စာစစ်ဆေးမှုများ ပြုလုပ်နေပြီး ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိသူများနှင့်
သက်တမ်းလွန် နေသူများ တွေ့ရှိပါက တစ်ဦးလျှင် ဒဏ်ကြေးငွေ ၃၅၀၀၀ ကျပ်အထိ တောင်းယူနေကြောင်းသိ
ရသည်။
.
“ရပ်ကွက်တချို့မှာ
ညဆိုရင် ရဲနဲ့ အုပ်ကြီးတွေပေါင်းပြီး ဧည့်စာရင်းလိုက်စစ်တာတွေရှိတယ်။ ဧည့်စာရင်း မတိုင်ရ
သေးတဲ့လူတွေရှိ ရင်မှတ်ပုံတင်ယူသွားပြီး နောက်ရက်မှ ပိုက်ဆံနဲ့ လာရွေးခိုင်းတာတွေရှိတယ်”
ဟု အခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။
.
အိမ်ရှင်အိမ်ငှားစာချုပ်
ပြုလုပ်ခြင်းနှင့် ပတ်သက်၍လည်း ၆ လစာချုပ်ချုပ်ပါက ၃၀၀၀၀ ကျပ်ခန့်ပေးရပြီး
တစ်နှစ်စာချုပ် ချုပ်ပါက ၅၀၀၀၀ ကျပ်အထိ ပေးနေရကြောင်း သိရသည်။
.