ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်


ကရင်နီ (ကယား)ပြည်နယ်၊ ရှားတောမြို့နယ် ၊ ပွန်ချောင်းကျေးရွာ အနီးရှိ စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းအား ကရင်နီပူးပေါင်းတပ်က အောက်တိုဘာလ ၂၇ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၁၄)နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်း၍ မိနစ် ၄၀ ကျော်ကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KNDF တပ်ရင်း(၁၄)က ယနေ့တွင် ထုတ်ပြန်သည်။

.

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခြေကုပ်စခန်းရှိ ပစ်မှတ်အချို့အား ထိရောက်စွာ ပစ်ခက်တိုက်ခိုက်နိုင်ခဲ့သော်လည်း စစ်‌ကောင်စီ၏ထိခိုက်သေဆုံးမှုအား အတည်ပြု၍ မရခဲ့ကြောင်းနှင့် ၎င်းတို့ဘက်မှ ထိခိုက်မှု တစ်စုံရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDF တပ်ရင်း(၁၄)က ဆိုသည်။

.



အဆိုပါ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီး ထိမှန်ကာ ပွန်းချောင်းကျေးရွာရှိ ပြည်သူပိုင်နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးမှု ရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats