တောင်ကြီးတွင် လိုင်စင်မဲ့ယာဉ် အသုံးပြုသည်ဟု ဆိုကာ လုပ်ငန်းရှင် တစ်ဦးကို ရဲက ခေါ်ပြီး ငွေညှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် လိုင်စင်မဲ့ယာဉ် အသုံးပြုသည်ဟု ဆိုကာ လုပ်ငန်းရှင် တစ်ဦးကို ရဲက ခေါ်ပြီး ငွေညှစ်

တောင်ကြီးမြို့၌ လိုင်စင်မဲ့ယာဉ် အသုံးပြုသည်ဟု ဆိုကာ လုပ်ငန်းရှင် တစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ တောင်ကြီးနယ်မြေ ရဲစခန်းက ပြီးခဲ့သည့် ရက်ပိုင်းတွင် ခေါ်ဆောင်၍ ငွေ တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
" မင်းကို လိုင်စင်မဲ့ ကား အသုံးပြုတယ် ဆိုပြီး တိုင်ထားတယ်။ အဲအမှု က ရဲအရေးပိုင်တဲ့ အမှု ဖြစ်လို့ ငါတို့က အမှု ဖွင့်ရင် မင်းအနေနဲ့ ထောင်ကျသွားနိုင်သလို အကန့်အသတ်မဲ့ ငွေဒဏ်ပါ ဆောင်ရမယ်၊ လုပ်ငန်းမှား သုံးနေတဲ့ လိုင်စင်မဲ့ကားတွေကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းနိုင်တယ်လို့ ပြောတယ်။ " ဟု အမည် မဖော်လိုသူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ မဖြစ်စေရန် အတွက် ငွေကျပ် သိန်း ၁၀၀ ပေးရမည်ဟု ငွေညှစ် တောင်းယူခဲ့ခြင်း ဖြစ်‌ကြောင်းနှင့် ၎င်းကဲ့သို့ပင် အခြားလုပ်ငန်းရှင်များလည်း ငွေညှစ်ခံရမှုများ ရှိသည်ဟု သိရသည်။
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်ရှိ မြို့နယ်အများစုတွင် လိုင်စင်မဲ့ယာဉ်ကိုသာ အဓိက အသုံးပြုနေလျက် ရှိရာ ယင်းအသုံးပြုသူများ အနက် အများစုမှာ ဝန်ထမ်းများ၊ ပြည်သူ့စစ်များ ဖြစ်သည်။
.
" တောင်ကြီးမှာ ရဲတွေက တစ်နေ့တခြား ပို ပို ဆိုးလာနေပြီ။ ဥပဒေတွေ၊ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး ပြည်သူကို ခြိမ်းခြောက် ငွေညစ်တဲ့အထိ လုပ်နေကြတယ်။ ဓါးပြတိုက်နေသလိုပဲ။ " ဟု သတင်းရင်းမြစ် တစ်ဦးက သုံးသပ်သည်။
.
တောင်ကြီးမြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင် အများစုမှာ စစ်ကောင်စီ၏ စောင့်ကြည့်မှုကို ခံ‌နေရပြီး အပြစ်မရှိ အပြစ်ရှာကာ အဓမ္မ ငွေတောင်းခံခြင်းအား မကြာခဏ ကြုံတွေ့နေရကာ မပေးပါက နိုင်ငံရေးဆိုင်ရာ ပုဒ်မများဖြင့် ဖမ်းဆီးမည်ဟုပါ ခြိမ်းခြောက်သည်ထိ ရှိလာနေကြောင်းလည်း သိရသည်။

Journal Download

Photo of three cats