အင်္ဂပူရှိ စာသင်ကျောင်းတွင် မီးလောင်မှု ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်္ဂပူရှိ စာသင်ကျောင်းတွင် မီးလောင်မှု ဖြစ်



ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ချယ်ရီမြောက်လမ်းနှင့် ကံ့ကော်လမ်းကြားရှိ အထက စာသင်ကျောင်း၌ ယနေ့ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၂ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.




မီးလောင်မှုကို အချိန် တစ်နာရီခွဲကျော်ကြာ ငြှိမ်းသတ်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထား‌သော်လည်း မီး လောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ ထုတ်ပြန် မထားပေ။

.

အဆိုပါ စာသင်ကျောင်းသည် ၁၉၇၀ ခုနှစ်က တည်ဆောက်ခဲ့သော ကျောင်း ဖြစ်ပြီး မီးလောင်မှုကြောင့် စာသင်ခန်း ၂ ခန်းနှင့် ကျောင်းခန်းမမှ အပ ကျန်နေရာများတွင် မီးလောင်ပျက်ဆီးမှုများ ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

Journal Download

Photo of three cats