တာချီလိတ်တွင် တရုတ်စာပါ ကော်ဖီထုပ်ကို သောက်မိရာမှ ဆရာတော်တစ်ပါးနှင့် ဒကာ ၄ ဦး သတိလစ်သွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် တရုတ်စာပါ ကော်ဖီထုပ်ကို သောက်မိရာမှ ဆရာတော်တစ်ပါးနှင့် ဒကာ ၄ ဦး သတိလစ်သွား

.

တာချီလိတ်မြို့၊ နတ်မောက် ရွှေသူဌေးကုန်းကျောင်းတိုက်မှ ဆရာတော် တစ်ပါးနှင့် ဒကာ ၄ ဦးတို့သည် ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက တရုတ်စာတမ်းပါ ကော်ဖီထုပ်ကို ဖျော်သောက်မိရာမှ သတိလစ်မေ့မျောသွားခဲ့ကြောင်း သိရသည်။

.


.

လှူဒါန်းထားသည့် ကော်ဖီထုပ်ကို သောက်မိရာမှ သတိလစ်မေ့မျောသွားခြင်းဖြစ်ပြီး ဆရာတော်နှင့် ဒကာ ၄ ဦးတို့ကို တာချီလိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကာ လက်ရှိတွင် ဒကာ ၃ ဦးမှာ ပြန်သတိရလာပြီဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ကော်ဖီထုပ်သည် လူငယ်များ မြူကြွစေရန် သောက်သုံးသည့် မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး KTV များ၊ ကလပ်များ တွင် အသုံးပြုကြကာ လူတစ်ဦးလျှင် အနည်းငယ်သာ သောက်သုံးနိုင်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

.

လက်ရှိတွင် ယင်း ကော်ဖီထုပ်ကို ဓါတ်ခွဲစစ်ဆေးရန်အတွက် ကျန်းမာရေးဌာနမှ ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats