.
ကရင်နီ၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ပတိုငံ
စစ်ရှောင်စခန်းမှ ကလေးသူငယ်များ အတွက် အာဟာရ ပြတ်လပ်နေကြောင်း သိရသည်။
.
.
ပတိုငံ စစ်ရှောင်စခန်းသို့ အလှူရှင် လာရောက်မှု နည်းပါးသည့်အတွက်
ကလေးငယ်များအား အာဟာရ တိုက်ကျွေး နိုင်ရန် စစ်ရှောင်အချင်းချင်း ကိုယ်ထူကိုယ်ထ စုပြီး
ဆောင်ရွက်နေရကြောင်း သိရသည်။
.
အဆိုပါ ပတိုငံ စစ်ရှောင်စခန်းတွင် အိမ်ခြေ ၁၆ အိမ်မှ လူဦးရေ ၁၀၀
ကျော် ခိုလှုံနေပြီး အလှူရှင် မလာရောက်သည်မှာ လပိုင်းမျှ ကြာမြင့်နေပြီဖြစ်ကြောင်း
သိရသည်။
.