.
လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင်
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်က စက်သုံးဆီဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး ပြန်ပေး ဆွဲ
ဖမ်းဆီးခံရပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
.
.ပင်လုံမြို့၊ ရပ်ကွက်
(၄) နေ စက်သုံးဆီဆိုင်ပိုင်ရှင် ဒေါ်ညိုအား ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်၊ ည ၇ နာရီ ခန့်က
အမည်မသိ အမျိုးသားတစ်ဦးမှ ကားဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် ယနေ့ အောက်တိုဘာလ
၃၁ ရက်၊ နေ့လယ်ပိုင်းတွင် နောင်လိုင်ကျေးရွာအုပ်စု၊ နမ့်လင်းကျေးရွာရှိ ခြံတစ်ခြံအတွင်း
ဒေါ်ညို၏ အလောင်းကို ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းတွင်
ဖော်ပြထားသည်။
.
ဒေါ်ညိုသည် ပင်လုံမြို့အထွက်ရှိ
စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်ဖြစ်ပြီး ငွေရေးကြေးရေး ပြဿနာကြောင့် ယခုကဲ့သို့ ပြန်ပေးဆွဲခံရပြီး
ပစ်သတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
သေဆုံးသူ ဒေါ်ညိုသည်
အသက် ၅၉ နှစ်ခန့် ရှိပြီဖြစ်ပြီး ၎င်းတွင် သားသမီ၄ ဦး ကျန်ရှိကာ လက်ရှိတွင် ၎င်း သေဆုံးမှုနှင့်
ပတ်သက်၍ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
[ Source | Shan News ]
.