ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်

.

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၂ ရက်က ကလေးမြို့ ပင်မသပိတ်အင်အားစုမှ ဦးစီး၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဟောပြောပွဲ ပြုလုပ်ရာတွင် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော အာဇာနည်များအား အလေးပြုဂုဏ်ပြုခြင်း၊ ယ‌နေ့အထိ CDM တိုက်ပွဲတွင် မားမားမတ်မတ် တိုက်ပွဲဝင်နေသော ပြည်သူ့ဝန်းများအား လက်ခုပ်တီးဂုဏ်ပြုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ နှင့် တော်လှန်ကဏ္ဍအသီးသီးမှ ခေါင်းဆောင်များ ပေးပို့သော ဂုဏ်ပြုရုပ်သံအား ကြားနာခြင်းနှင့်အတူ တတ်ရောက်လာသော တာဝန်ရှိသူများက အမှတ်တရစကား ပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ကလေးမြို့ပင်မသပိတ်သည် ယနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်လျက်ရှိရာ အောက်တိုဘာ လ ၂ ရက်တွင် ရက်ပေါင်း ၆၀၃ ရက် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

.

Journal Download

Photo of three cats