ရှမ်းတောင် အမှတ်(၁၀၀၈)တပ်ရင်းမှ စနိုက်ဘာရဲဘော် အယ်ဘီ ၏ ဈာပန ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင် အမှတ်(၁၀၀၈)တပ်ရင်းမှ စနိုက်ဘာရဲဘော် အယ်ဘီ ၏ ဈာပန ပြုလုပ်



ရှမ်းပြည်နယ်တောင်ပိုင်း အမှတ် (၁၀၀၈)တပ်ရင်း (SSRY) မှ စနိုက်ဘာရဲဘော် အယ်ဘီ ၏ ဈာပနကို ပြုလုပ်ခဲ့‌ကြောင်း ၎င်းတပ်ရင်းက ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။

.

ရဲဘော်အယ်ဘီ သည် တပ်ရင်းရှိ အားကိုးရသော စနိုက်ဘာ ၆ ဦး အနက်မှ တစ်ဦး အပါအဝင် ဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်က စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တစ်ခုတွင် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

" တိုက်ပွဲ တစ်ခုတွင် မိမိတို့ အမှတ် (၁၀၀၈) တပ်ရင်းနှင့် အကြမ်းဖက်စကစတို့ တောင်ကုန်းပေါ်၌ ထိပ်တိုက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့စဉ် sniper ရဲဘော်အယ်ဘီနဲ့ အတူ သူ မြတ်နိုးရသော လက်နက်ပါ ဆုံးရှုံးခဲ့ရသည်။" ဟု ၁၀၀၈ တပ်ရင်းက ဆိုသည်။

.

ရဲဘော် အယ်ဘီ၏ စျာပနပွဲကို ခန္ဓာကိုယ် မပါဘဲပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တပ်ရင်းမှ ရဲဘော်များ တက်ရောက် အလေးနီ ပြုခဲ့ကြသည်ဟု သိရသည်။

.

" ရဲဘော်အယ်ဘီ၏ မပြီးပြတ်သေးသောလွတ်လပ်ရေး တိုက်ပွဲအတွက် တပ်ရင်းမှ ရဲဘော်များ အဆုံးထိ ပါဝင်တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုလိုက်ပါသည်။" ဟု ၁၀၀၈ တပ်ရင်းက ထုတ်ပြန်သည်။

.

ရှမ်းပြည်နယ်တောင်ပိုင်း အမှတ် (၁၀၀၈)တပ်ရင်း (SSRY) သည် ယခု အောက်တိုဘာ လအတွင်း တိုက်ပွဲ ၁၈ ပွဲကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး အကောင်းဆုံးရလဒ်များ ရယူထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats