ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ စစ်ကောင်စီ တပ်သား ၅ ဦး အလင်းဝင်လာကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။
.
အဆိုပါ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားများမှာ ခမရ (၃၅၈) မှ တပ်သား စောအတ္တလယ်၊ ချစ်ဝင်းဇော်၊ သန့်ဇော်၊ တပ်ရင်း ခမရ (၄၃၂) မှ တပ်သား ကျော်လွင်ထွန်း၊ တပ်ရင်း ခလရ (၂၈၄) မှ တပ်သား မင်းသူရဇော်တို့ ဖြစ်သည်။
.
၎င်းတို့ကို ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် KNLA တပ်ရင်း (၁၇)၊ တပ်ခွဲ (၂)၊ နဂါးနီစစ်ကြောင်းတို့က လက်ခံကြိုဆို၍ ထောက်ပံ့ကူညီမှုများ ပေးထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။