ရုရှားတွင် လူနေရပ်ကွက်အတွင်း စစ်လေယာဉ်ပျက်ကျပြီး ၁၄ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရုရှားတွင် လူနေရပ်ကွက်အတွင်း စစ်လေယာဉ်ပျက်ကျပြီး ၁၄ ဦး သေဆုံး

.

ရုရှားနိုင်ငံ၊ Yeysk မြို့ရှိ လူနေရပ်ကွက်အတွင်းသို့ အောက်တိုဘာလ ၁၇ ရက်၊ ညပိုင်းက ရုရှား စစ်လေယာဉ်တစ်စီး ပျက်ကျပြီး အဆောက်အအုံတစ်ခု မီးလောင်ကျွမ်းကာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။\

.

.

လေ့ကျင့်ပျံသန်းသည့် လေယာဉ်၏ အင်ဂျင်စက်တစ်လုံး မီးလောင်ရာမှ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

.

လေယာဉ်ပေါ် ပါလာသူများမှာ လေယာဉ်မပျက်ကျမီ အရေးပေါ် ခုံထွက်နိုင်ခဲ့သော်လည်း Yeysk မြို့ရှိ လူနေထိုင်ရာ ၉ ထပ်အဆောက်အအုံပေါ်သို့ ပျက်ကျသဖြင့် ထိခိုက်ပျက်စီးမှု များခဲ့ကြောင်း သိရသည်။

.

ယူကရိန်းနယ်စပ်ရှိ Yeysk မြို့သည် ရုရှားလေတပ်အခြေစိုက်စခန်း တည်ရှိရာမြို့ တစ်မြို့ဖြစ်ပြီး လူဦးရေ ၉၀၀၀၀ ကျော် နေထိုင်ကြကြောင်း သိရသည်။

.

အဆိုပါ ပျက်ကျခဲ့သည့် လေယာဉ်သည် ယူကရိန်းနိုင်ငံသို့ ရုရှားကျူးကျော်စစ်ပွဲတွင် အသုံးပြုနေသည့် SU-34 အမျိုးအစား ဗုံးကြဲလေယာဉ်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats