ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်မှ ရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်း သည် ယနေ့ အောက်တိုဘာလ ၁၁ ရက်တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ၅၇၉ ရက်မြောက် အဖြစ် ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
သပိတ်စစ်ကြောင်းသည် " ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ" စာတန်းကို ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ လူထုတရပ်လုံး အာဏာရှင် ရှိနေသမျှ ရရာနည်းလမ်းဖြင့် တော်လှန်နေမည်ဆိုသည့် စိတ်ကို ပိုင်းဖြတ်ထားရန်ကိုလည်း တိုက်တွန်းထားသည်။