မုံရွာမှ ထွက်ခွာလာသော စစ်ကောင်စီ ယာဉ်တန်း သည် မုံရွာ - အရာတော်လမ်း တစ်နေရာ၌ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။
.
ပဒေသာမိုင်း ၆ လုံးဖြင့် စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၂ စီးနှင့် MarkII ယာဉ် ၁ စီးကို ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု Black Dragon Special Task Force က ယနေ့တွင် ထုတ်ပြန်ထားသည်။
.
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။