ယင်းမာပင်မြို့နယ်အတွင်းရှိ မီးရှို့ခံရသည် ကျေးရွာများအတွက် ယာယီနေအိမ် ဆောက်လုပ်ပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယင်းမာပင်မြို့နယ်အတွင်းရှိ မီးရှို့ခံရသည် ကျေးရွာများအတွက် ယာယီနေအိမ် ဆောက်လုပ်ပေးမည်

.

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မီးရှို့ခံထားရသည့် ကျေးရွာများမှ ပြည်သူများ နေထိုင်နိုင်ရေးအတွက် ယာယီနေအိမ်များကို ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ အစားထိုးနေအိမ်များ ဆောက်လုပ်ပေးနိုင်ရေးအတွက် ယင်းမာပင်မြို့နယ်၊ တပ်ရင်း (၁) က ယခုလ အတွင်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အလောင်းတော်ကဿပနယ်မြေတွင် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဖမ်းဆီးရမိထားသည့် သစ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

.

မီးဘေးသင့် ပြည်သူများအတွက် ယာယီနေအိမ်များ ဆောက်လုပ်ပေးရန် သစ်ခိုးထုတ်လာသည့် ဖမ်းဆီးရမိ သစ်များကို ဆင်များဖြင့် ဆွဲယူ စုဆောင်းလျက်ရှိကြောင်း၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ယူရာတွင်လည်း ဆင်များကို အသုံးပြုကြောင်း၊ ဆင်ဝန်ထမ်းများနှင့် ရဲဘော်များ ပူးပေါင်းပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ယင်းမာပင် တပ်ရင်း (၁) မှ ဒုတပ်ရင်းမှူး ဗိုလ်မင်းမင်းက ပြောဆိုထားသည်။

.

အဆိုပါ ပြင်ဆင်မှုများကို CDM သစ်တောဝန်ထမ်းများနှင့် ဆင်များ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိပြီး အကူညီများ လိုအပ်နေကြောင်း သိရသည်။

.

ယင်းမာပင်ခရိုင်ရှိ အလောင်းတော်ကဿပဘုရားဖူးလုပ်ငန်းမှ ဆင်ဦးစီးများနှင့် ဆင်များသည် ယင်းမာပင် PDF နှင့် ပူးပေါင်းပြီး တော်လှန်ရေးတွင် တစ်ဘက်တစ်လမ်းမှ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats