.
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်စံပြကျေးရွာ အဝင်လမ်းကို
စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် မြေတူးစက်များဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း
သိရသည်။
.
.
စစ်ကောင်စီတပ်သည် ယနေ့ အောက်တိုဘာလ ၅ ရက်၊ နံနက် ၁၀ နာရီခန့်က မြေတူးစက်တစ်စီး၊
စစ်ကားတစ်စီးဖြင့် ရောက်ရှိလာပြီး လယ်ဇင်ရွာအဝင်လမ်းကို မြေတူးစက်ဖြင့် ထိုးဖျက်ဆီးသွားသည့်အပြင်
ရွာအဝင်တံတားကို ဖျက်ဆီး ကာ နေ့လယ် ၁၂ နာရီကျော်တွင် ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူက ပြောဆို ထားသည်။
.
အလားတူ စစ်ကောင်စီတပ်သည် ယမန်နေ့ အောက်တိုဘာလ ၄ ရက်ကလည်း မုံရွာ-အမြင့်
လမ်းပိုင်းကို မြေတူးစက် များဖြင့် ဖျက်ဆီးခဲ့သည်။
.