တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ မီးသတ်ရုံး အနောက်ဘက်ရှိ လမ်းဘေး၌ အောက်တိုဘာလ ၄ ရက်၊ နေ့လယ်ပိုင်းက အမည်မသိ အမျိုးသား ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရဘဲ အသက် ၃၅ နှစ်အရွယ် ရှိသည်ဟု သိရပြီး ရုပ်အလောင်းကို တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
.
အဆိုပါ သေဆုံးသူ အမျိုးသားမှာ မည်သူမည်ဝါ ဖြစ်သည်ကို ယနေ့တိုင် သိရခြင်း မရှိသေးကြောင်းနှင့် အေးသာယာနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှုဖွင့်ထားကြောင်း သိရသည်။