.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်၊ ညပိုင်းက ဆိုင်ကယ်တစ်စီးမှ လမ်းလျှောက် လာသူအမျိုးသားကို
ဝင်ရောက်တိုက်မိပြီး လမ်းလျှောက်လာသူ အမျိုးသား ခြေထောက်ရိုးကျိုးဒဏ်ရာ ရရှိခဲ့ကြောင်း
သိရသည်။
.
.အောင်ပန်းမြို့၊ ကလော-တောင်ကြီးသွား
ပြည်ထောင်စုလမ်းကြီး၊ မြတ်မနော ဟိုတယ်အနီးတွင် အောက်တိုဘာလ ၂၈ ရက်၊ ညပိုင်းက ဟဲဟိုးမြို့နေ
ကိုသူရ စီးနင်းမောင်းနှင်လာသော ဆိုင်ကယ်မှ လမ်းလျှောက်လာသူ အောငfပန်းမြို့၊ မိုးကောင်းရပ်ကွက်နေ ကိုဖိုးပြုံးဆိုသူအား
ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ
ခြေထောက်အရိုးကျိုး ထိခိုက်ဒဏ်ရာရရှိသူ ကိုဖိုးပြုံးအား နာရေးကူညီမှုအသင်း အောင်ပန်းမှ
အောင်ပန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ကလောဆေးရုံသို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း
သိရသည်။
.
[ ဓါတ်ပုံ | နာရေးကူညီမှုအသင်း-အောင်ပန်း ]