ပေါက်ခေါင်းတွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပေါက်ခေါင်းတွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရ

.

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၅ ရက်၊ နေ့လယ်ပိုင်းက အစည်းအဝေးမှ ပြန်လာသည့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

.


.

အစည်းအဝေးမှ ပြန်လာသည့် စစ်ကောင်စီတပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများကို ပေါက်ခေါင်းမြို့နယ်၊ ကုန်းအင်းကျေးရွာအနီး၊ မင်းလမ်းကျေးရွာကြားတွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ခွဲ(၁)က ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲ ၁ ဦး သေဆုံးပြီး ရဲ ၂ ဦး၊ ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်ခရိုင်၊ တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁) မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats