တာလေ-ကျိုင်းတုံလမ်းဘေးရှိ နမ့်လင်းချောင်း အတွင်းသို့ ကားတစ်စီး ထိုးကျသွားရာမှ ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာလေ-ကျိုင်းတုံလမ်းဘေးရှိ နမ့်လင်းချောင်း အတွင်းသို့ ကားတစ်စီး ထိုးကျသွားရာမှ ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး



တာချီလိတ်မြို့နယ်၊ တာလေမြို့၊ ပါခမ်းနွဲ့ကျေးရွာအနီး၊ တာလေ-ကျိုင်းတုံလမ်းဘေးရှိ နမ့်လင်းချောင်း အတွင်းသို့ ယနေ့ အောက်တိုဘာလ ၁ ရက်၊ နံနက် အစောပိုင်းတွင် မော်တော်ယာဉ် တစ်စီး မတော်တဆ ထိုးကျသွားရာမှ ကလေးငယ် အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

အဆိုပါ မော်တော်ယာဉ်ပေါ်၌ လူ ၆ဦး လိုက်ပါ စီးနင်းလာခြင်း ဖြစ်ကာ ယာဉ်မောင်း အမျိုးသား နှင့် အမျိုးသမီး ၁ ဦးကိုသာ ကယ်ထုတ်နိုင်ခဲ့ပြီး အသက် ၈ နှစ်အရွယ်ခန့်ရှိ ကလေးငယ် အပါအဝင် ၄ ဦးမှာ ကားနှင့်အတူ ရေထဲ နစ်မြှုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.




၎င်းတို့သည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်ကြသူများ ဖြစ်ပြီး တာချီလိတ်မြို့မှ မိုင်းယောင်းမြို့သို့ သွားစဉ် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သိရသည်။

.

တာလေမြို့ လောကပါလပရဟိတလူမှုကူညီရေးအသင်းက ကူညီကယ်ဆယ်မှုများ ပြုလုပ်၍ သေဆုံးသူများ၏ ရုပ်အလောင်းများကို တာလေဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats