.
ကွတ်ခိုင်မြို့နယ်၊
ဖတ်ယိုင်းကျေးရွာအုပ်စု၊ မန်ဘန်ကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၁ ရက်က စစ်ကောင်စီတပ်
၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျွဲ၊ နွားများ သေဆုံးခဲ့ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့အထွက်၊
တိုးဂိတ်အကျော်တွင် စစ်ကောင်စီတပ်၏ ကား ၂ စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်
ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်မှုကြောင့် မန်ဘန်ကျေးရွာမှ
တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပစ်ခတ်မှုကြောင့်
ကျွဲ ၁ ကောင်၊ နွား ၅ ကောင် သေဆုံးပြီး ၁၅ ကောင်ခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တိရစ္ဆာန်
များကို လူမပါ လွှတ်ကျောင်းထားခြင်းဖြစ်သည့်အတွက် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
.