ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ အောက်တိုဘာလ ၁ ရက်တွင် ဖားကန့်ပင်မသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
သပိတ်စစ်ကြောင်းသည် KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည် စသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
.
ထို့အတူ "မြန်မြန် ပွဲသိမ်းချင်ရင် များများနဲ့ မြန်မြန်လှူကြ" စာတန်းကိုလည်း ဆန္ဒပြရာတွင် ကိုင်ဆွဲ၍ တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။