.
ရခိုင်ပြည်နယ်အတွင်း
ရက္ခိုင့်တပ်တော် (AA) နှင့်
ဆက်စပ်သည်ဟု စွပ်စွဲကာ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်း ၂ ဦးနှင့်အပါအဝင်
တောင်ကုတ်နှင့် အမ်းမြို့နယ်များမှ ဒေသခံ ၅ ဦး၊ စုစုပေါင်း ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားသည်ဟု
သိရသည်။
.
.
သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
အကြီးတန်းစာရေး ဦးဝင်းမောင်မောင်ဖြိုး (ခ) ကိုဖြိုး၊ ရပ်/ကျေးစာရေး
ဦးလှိုင်ဝင်းထွဋ် (ခ)
ဝင်းထွဋ် တို့ကို စစ်ကောင်စီဘက်က မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)၊
ရာဇသတ်ကြီးပုဒ်မ ၅၀- က တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ တောင်ကုတ်မြို့နယ်၊
မှိုဟင်းရွာမှ ဦးကျော်သောင်း၊ မှန်နီရွာမှ ဦးစိုးမင်းထွန်း၊ ညောင်ဖောက်ရွာမှ
ဦးအေးကျော်ကျော်နှင့် အမ်းမြို့နယ် တလိုင်းတောင်ရွာမှ ဦးအောင်ဆန်း၊
သရက်ပင်ချောင်းရွာက ဦးကိုကိုနိုင် တို့ကိုလည်း မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးအမှုဖွင့်ထားခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ဖမ်းဆီးခံရသူများသည်
AA ကို ငွေကြေးထောက်ပံ့မှုအပြင်
စစ်ကောင်စီတပ်၊ ရဲနှင့် အစိုးရဝန်ထမ်းများ၏ လှုပ်ရှားဆောင်ရွက်မှုများကို သတင်းပေးပို့သည်ဟုဆိုကာ
ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။
.
ရခိုင်ပြည်နယ်တွင်
၂ဝ၂၂ ခုနှစ် ဇွန်လမှ အောက်တိုဘာလကုန်အထိ ၅ လအတွင်း AA နှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်ဆီးခံထားရသူ ဒေသခံ ၁၀၀ ကျော်ရှိနေကြောင်း
သိရသည်။
.