စစ်ကောင်စီ၏ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ၏ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူများကြားမှ တစ်နာရီခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှု အပြီးတွင် အဆိုပါ လိပ်ရစခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် က ဆိုသည်။
.
လိပ်ရနယ်ခြားစောင့်တပ်စခန်းတွင် နယ်ခြားစောင့်ရဲများနှင့်အတူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များပါ ပူးတွဲနေထိုင်ကြကာ လက်နက်ကြီးဖြင့် နေ့၊ ည အချိန်မရွေး ရမ်းသန်း ပစ်ခတ်တိုက်ခိုက်သော စခန်း တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
.
စခန်းသိမ်းပိုက်ရာတွင် စစ်သုံ့ပန်း ၃ ဦး၊ အလောင်းအချို့၊ လက်နက်/ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ၎င်းတို့၏ စစ်သည် ၁ ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ရခိုင်ပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေး ပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီး ထိမှန်၍ ပျက်စီးမှုများ ဆက်တိုက် ရှိနေခဲ့ပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။
 

Journal Download

Photo of three cats