ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို
ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု(USSFU) က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ
၁၂ ရက်၊ နံနက်ပိုင်းတွင် ပထမဆုံး စစ်မျက်နှာပြင် ဖွင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်
အဆိုပါ တိုက်ပွဲရုပ်သံမှတ်တမ်းကို “ပွန်ချောင်းစစ်ဆင်ရေး စခန်းရှင်းတိုက်ပွဲမှတ်တမ်း”
ဟု အမည်ပေးထားသည်ကို တွေ့ရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု
သိရသည်။
.
ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု(USSFU)
ကို (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း (SSRY)၊ (၁၀၀၉)တပ်ရင်း (Inle PDF တပ်ဖွဲ့)၊ ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်(PNDF)
နှင့် NUG လက်အောက်ခံတပ်ရင်း ၁ ရင်း စသည့် တပ်ရင်းများ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကာ
စစ်ကောင်စီ တပ်စခန်းများ မှန်သမျှကို အချိန်၊ နေရာ မရွေး တိုက်ခိုက် ချေမှုန်းသွားမည်ဟုလည်း
အသိပေး ကြေညာထားသည်။
.