ကလေးငယ်များ အပါအဝင် ပြည်သူများကို အာဏာသိမ်းအုပ်စုက သတ်ဖြတ်နေသည်ကို
ကုလသမဂ္ဂ (UN) အား ဖိအားပေးသည့် အနေဖြင့် ရန်ကုန်မြို့၌ ကျောင်းသား၊ ပြည်သူများ ပူးပေါင်း၍
“ UN ဘာလုပ်နေလဲ စိတ်ပူနေတယ်” ဟု ဟစ်ကြွေးကာ
ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ဆန္ဒပြသပိတ်အဖွဲ့သည် " ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေ
လောင်မြိုက်စေ" စာတန်း ကိုင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ
လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရန်ကုန် သူပုန်များ သပိတ်ကော်မတီ-YRSC၊ Burma Youth Revolutionary Force(BYRF)၊ ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ-PBYSC ၊ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (လသယအကသ) စသည့် တော်လှန်ရေးပျောက်ကြားသပိတ်အင်အားစုများ ပူးပေါင်းကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။