ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့၌ ယနေ့ စက်တင်ဘာလ ၄ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု က “ UN Prove Your Exsitence for Justice” စာတန်းကို ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
.
ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာ ပြည်သူများအား
ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိရေးနှင့် စစ်ကောင်စီကို
ပြတ်ပြတ်သားသား ငြင်းပယ်ရေးအတွက် ယင်းကဲ့သို့ ချိတ်ဆွဲ၍ ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မည်ဟု ဆိုသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒကို လေးစားရန်နှင့် မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ရန်ကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု က တိုက်တွန်းထားသည်။