စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထားသည့်
ရန်ကုန်မြို့တနေရာ၌ ယနေ့ စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် Yangon Revolution
Force - YRF ( Soft Strike Community) က “UN, Do Not Hesitate To Accept Our Will”
စာတန်းကို ဒရုန်းဖြင့် ရိုက်ကူး၍ လူထုလှုံ့ဆော်မှုတခု ပြုလုပ်၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ကုလသမဂ္ဂ၏ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာပြည်သူများအား
အမှန်တကယ် ကိုယ်စားပြုသော ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ရွေးချယ်တင်မြောက်ရန်နှင့်
မြန်မာလူထုတရပ်လုံး၏ ဆန္ဒကို လက်ခံရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်း အနေဖြင့် တွေဝေတွန့်ဆုတ်မနေရန်
လှုံ့ဆော် တိုက်တွန်းလိုက်သည်ဟုလည်း YRF က ထုတ်ပြန်ထားသည်။