စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တနေရာ၌ ယနေ့ စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် Yangon Revolution Force - YRF ( Soft Strike Community) က “UN, Do Not Hesitate To Accept Our Will” စာတန်းကို ဒရုန်းဖြင့် ရိုက်ကူး၍ လူထုလှုံ့ဆော်မှုတခု ပြုလုပ်၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ကုလသမဂ္ဂ၏ ၇၇ ကြိမ်မြောက်
အထွေထွေညီလာခံတွင် မြန်မာပြည်သူများအား အမှန်တကယ် ကိုယ်စားပြုသော ဦးကျော်မိုးထွန်းကို
သံအမတ်အဖြစ် ဆက်လက် ရွေးချယ်တင်မြောက်ရန်နှင့် မြန်မာလူထုတရပ်လုံး၏ ဆန္ဒကို လက်ခံရန်အတွက်
ကုလသမဂ္ဂအဖွဲ့အစည်း အနေဖြင့် တွေဝေတွန့်ဆုတ်မနေရန် လှုံ့ဆော် တိုက်တွန်းလိုက်သည်ဟုလည်း
YRF က ထုတ်ပြန်ထားသည်။
.