.
တောင်ကြီးမြို့နှင့်
အနီးတစ်ဝိုက်ဒေသများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အမဲရောင်အထုပ်များ၊ ပုံများ
တွေ့ရှိပါက ယူဆောင်ခြင်းမပြုဘဲ ရှောင်ကြဉ်သွားကြရန် တောင်ကြီးမြို့ပြပြောက်ကျားတပ်ဖွဲ့
(Taunggyi Guerilla Force – TGF) က ယနေ့ စက်တင်ဘာလ ၄ ရက်တွင် အသိပေးထုတ်ပြန်ထားသည်ဟု သိရသည်။
.
.TGF အဖွဲ့သည်
တောင်ကြီးအတက်လမ်း၊ ထုံးဖိုဂိတ်တွင် ပြည်သူများအား အကြမ်းဖက် ငွေတောင်းပြီး မူးရူးနေသော
စစ်ကောင်စီတပ်သားများအား စက်တင်ဘာလ ၂ ရက်က Remote မိုင်းဖြင့်
ဖောက်ခွဲရန် စီစဉ်ခဲ့သော်လည်း အနီးအနား ရှိ ပြည်သူတစ်ဦးမှ TGF အဖွဲ့ ချထားသော အထုပ်အား ယူဆောင်သွားသဖြင့် မိုင်းမှာ Remote ၏ ရေဒီယိုထိန်းချုပ် ဧရိယာကို ကျော်လွန်သွားသောကြောင့် အသက်မဲ့မိုင်းဖြစ်ပြီး
စစ်ဆင်ရေး မအောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
သို့ဖြစ်၍ နောက်နောက်
လမ်းတွင်တွေ့ရှိသော အိတ်များအား အမှိုက်အိတ်ဟု ယူဆပြီး ကောက်ယူခြင်းမပြုရန်နှင့် TGF အနေဖြင့်လည်း တစ်ခါတစ်ရံတွင် အမှိုက်အိတ်ပုံစံဖြင့်
မိုင်းအား တပ်ဆင်လေ့ရှိကြောင်း TGF က ဆိုသည်။
.
ပြည်သူများအနေဖြင့်
တောင်ကြီး၊ အေးသာယာ၊ စက်မှုဇုန်ဒေသများအတွင်း စစ်ကောင်စီတပ်သားများ အနီးမှ ရှောင်ဖယ်သွားကြရန်နှင့်
အမဲရောင်အထုပ်များ၊ ပုံးများအား တွေ့ရှိပါက ဝေးဝေးက ရှောင်ကြဉ်သွားကြရန် အသိပေးကြောင်း၊
နောင်အခါတွင် အသိပေးစာ ထပ်မံထုတ်ပြန်တော့မည်မဟုတ်ကြောင်း TGF က ထုတ်ပြန်ထား ခြင်းဖြစ်သည်။
.
TGF အဖွဲ့သည် စစ်ကောင်စီ
ဒေါက်တိုင်များ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အခါအားလျော် စွာ
သတိပေးဖောက်ခွဲခြင်း၊ သုတ်သင်ခြင်းများ ပြုလုပ်နေသည့်အဖွဲ့တစ်ခုဖြစ်ပြီး ရှမ်းကယားနယ်စပ်တွင်လည်း
ပါဝင် ကူညီ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
.