မိုးမိတ်တွင် စစ်ကောင်စီတပ်နှင့် SSPP တို့ တစ်ကျော့ပြန်တိုက်ပွဲ ထပ်မံဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးမိတ်တွင် စစ်ကောင်စီတပ်နှင့် SSPP တို့ တစ်ကျော့ပြန်တိုက်ပွဲ ထပ်မံဖြစ်ပွား

.

မိုးမိတ်မြို့နယ်၊ ဟွေခမ်းတောင်၏ မြောက်ဘက်တောင်ကြောပေါ်တွင် ယနေ့ စက်တင်ဘာလ ၂၀ ရက်၌ ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ထပ်မံဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်မှ အင်အား ၇၀ ခန့်သည် ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ဝမ်အုံကျေးရွာအုပ်စု၊ ဝမ်အုံကျေးရွာ မြောက်ဘက်ရှိ ဟွေခမ်းတောင်ပေါ်မှ SSPP/SSA တပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဘက်သို့ ထိုးစစ်ဆင်လာသည့် အတွက် နေ့လယ် ၁၁ နာရီခန့်မှ စတင်ကာ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် နှစ်ဖက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည့်အတွက် သတင်းအသေးစိတ်ကို မသိရသေးကြောင်း SSPP/SSA က သတင်းထုတ်ပြန်ထားသည်။

.

အလားတူ စက်တင်ဘာလ ၁၇ ရက်ကလည်း အဆိုပါ ဟွေခမ်းတောင်ကြောပေါ်တွင် SSPP/SSA နှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats