မိုးမိတ်တွင် SSPP နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးမိတ်တွင် SSPP နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံး

.

မိုးမိတ်မြို့နယ်၊ ဝမ်အုံကျေးရွာ မြောက်ဘက်၊ ဟွေခမ်းတောင်ကြောတွင် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်၊ ညနေပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP က ယနေ့ စက်တင်ဘာလ ၁၈ ရက် တွင် သတင်းထုတ်ပြန်ထားသည်။

.

.

စစ်ကောင်စီ၏ ခမရ (၃၄၈)၊ ခလရ (၂၇၆) ပူးပေါင်း အင်အား ၆၀ ခန့် ပါဝင်သော စစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မိုးမိတ်မြို့တွင်းမှ ဝမ်အုံကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိလာပြီး SSPP/SSA တပ်ဖွဲ့ အခြေချ လှုပ်ရှားရာ ဟွေခမ်းတောင်ကြောဘက်ကို ချီတက်လာသည့်အတွက် ညနေပိုင်းတွင် နှစ်ဘက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မိုးမိတ်မြို့နယ်အတွင်း အခြေချလှုပ်ရှားနေသည့် SSPP တပ်များကို မြို့နယ်အတွင်းမှာ ထွက်ခွာပေးရန် စက်တင်ဘာလ ၁၈ ရက်တွင် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အကြောင်းကြားလာခဲ့ပြီး SSPP တပ်များထွက်ခွာ ခြင်းမရှိသည့်အတွက် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် မူ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီဘက်က အင်အားတိုးချဲ့ခြင်းများ ဆောင်ရွက်နေသည့်အတွက် နှစ်ဘက် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats