​​​​‌တောင်ကြီး၌ မလိုအပ်ဘဲ slowdown များ ပြုလုပ်ထားခြင်းကြောင့် ဆိုင်ကယ် တိမ်းမှောက်မှု များလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​‌တောင်ကြီး၌ မလိုအပ်ဘဲ slowdown များ ပြုလုပ်ထားခြင်းကြောင့် ဆိုင်ကယ် တိမ်းမှောက်မှု များလာ


တောင်ကြီးမြို့၌ မလိုအပ်ဘဲ နေရာအနှံ့တွင် slowdown ပြုလုပ်ထားခြင်းကြောင့် ဆိုင်ကယ် တိမ်းမှောက်မှုများ ဖြစ်နေပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

.

" မလိုတဲ့ နေရာတွေမှာပါ လုပ်ထားတာ။ လိုအပ်တဲ့ နေရာမှာ ယာဉ်တိုက်မှုတွေ မဖြစ်အောင် လုပ်တာက လုပ်ပေါ့။ ခုက တမင်ကို ဦးနှောက် မရှိသလို လုပ်ထားတာ။ ကြာသပတေးနေ့ (စက်တင်ဘာ ၁ ) က စျေးနားမှာ မိုးရွာထဲ ညကြီး အဲဒီ slowdown ကြောင့် ဆိုင်ကယ် မှောက်သွားတာ။ " ဟု ဆိုင်ကယ် တိမ်းမှောက်ခဲ့သူ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့၏ အထင်ကရ ကျက်သရေဆောင် စုဠာမုနိစေတီတော် အတက်လမ်းတွင်လည်း slowdown ၂ ဆင့် ပြုလုပ်ထားသဖြင့် ဘုရားဖူး ပြည်သူများ အခက်အခဲ ဖြစ်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

.

ယင်းကဲ့သို့ Slowdown များ ပြုလုပ်ခြင်းမှာ UG များ လာရောက် မိုင်းခွဲမည်ကို စိုးရိမ်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

.

" UG တွေ ဗုံးတွေ ထားခဲ့၊ ဖောက်ခွဲပြီးလို့ ပြန်တဲ့အခါ အဆင်မပြေအောင် ရည်ရွယ်ပြီး လုပ်ထားတာ။ တပ်နဲ့ အနီးတစ်ဝိုက် နေရာတွေမှာပဲ လုပ်ထားတာ များတယ်။ စာသင်ကျောင်းတွေ နား လုပ်တယ်လို့ သတင်းလွှင့်ထားတာ။ တကယ်က တပ်နားတွေကို လုပ်ချင်လို့ တမင် စာသင်ကျောင်းတွေကို ဟန်ပြထားတာ။ " ဟု သတင်းရင်းမြစ်က ပြောသည်။

.

အမှန်တကယ် ယာဉ်တိုက်ခိုက်မှု အန္တရာယ် များပြားသည့် နေရာများတွင် Slowdown များအား ပြုလုပ်ခြင်း မရှိ‌ကြောင်း သိရသည်။

Journal Download

Photo of three cats