.
ကျေးသီးမြို့နယ်၊ မိုင်းရဲကျေးရွာအုပ်စု၊
ပန်ဟိုက်ကျေးရွာအနီးရှိ နမ့်တောင်းချောင်းကူးတံတား အနီးတွင် ယနေ့ စက်တင်ဘာလ ၂၁ ရက်၊
နံနက်ပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ
(SSPP/SSA) တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
လဲချား-မိုင်းနောင်ကားလမ်းအရှေ့ဘက်တွင်
လှုပ်ရှားနေသည့် RCSS/SSA
တပ်ဖွဲ့များနှင့် လမ်းအနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် SSPP/SSA
တပ်ဖွဲ့များ ကျေးသီးမြို့နယ်၊ မိုင်းရဲကျေးရွာအုပ်စု၊ ပန်ဟိုက်ရွာအနီး
ချောင်းကူးတံတား တွင် နှစ်ဘက် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လမ်းအရှေ့ဘက်ရှိ RCSS/SSA အင်အား ၂၀ ဦးခန့်သည် ယနေ့ စက်တင်ဘာလ
၂၁ ၇က်၊ နံနက်အစောပိုင်းက ကားလမ်းအနောက်ဘက်သို့ ဝင်ရောက်လာပြီး စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
SSPP/SSA က သတင်းထုတ်ပြန်ထားသည်။
.
RCSS/SSA ကမူ
အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးချေ။
.
တိုက်ပွဲမှာ ၁၈ မိနစ်ခန့်
ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
.