စစ်ကောင်စီ၏ စီးပွားထုတ်ကုန်များကို ဒေသတွင်း ရောင်းဝယ်မှု မပြုလုပ်ရန်အတွက် PSLF/TNLA သည် ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာအတွင်းရှိ ဈေးဆိုင်များကို စစ်ဆေးခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ စစ်ဆေးရာတွင် စစ်ကောင်စီ ထုတ်ကုန်များ ဖြစ်သည့် Premium Gold ဆေးလိပ် ၃ ကတ်၊ Red Ruby ဆေးလိပ် ၂ ကတ်၊ Myanmar Beer ၃ ဖာနှင့် Speed အချိုရည် ၄ ကတ်ကို တွေ့ရှိရသဖြင့် ဖျက်ဆီးခဲ့ပြီးနောက် ရောင်းချသည့် ဆိုင်ရှင်ကိုလည်း ကျေးရွာအတွင်း ဘုံလုပ်ငန်း လုပ်ကိုင်ရန် အလုပ်ကြမ်း ၃ ရက် ပြစ်ဒဏ်ပေးပြီး ဆက်မရောင်းရန် လက်မှတ် ထိုးစေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်ကလည်း နမ့်ဆန်မြို့နယ်၊ အမှတ် (၄) တိုက်နယ်၊ ဘုရားကြီးကျေးရွာရှိ ဈေးဆိုင်များကို လိုက်လံစစ်ဆေး၍ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖျက်ဆီးခဲ့ကြောင်း သိရသည်။