PNLO/PNLA တပ်ဖွဲ့ဝင် ၅ ဦးကို PNO/PNA ပြည်သူ့စစ်က ဖမ်းဆီး သတ်ဖြတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PNLO/PNLA တပ်ဖွဲ့ဝင် ၅ ဦးကို PNO/PNA ပြည်သူ့စစ်က ဖမ်းဆီး သတ်ဖြတ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တပ်ဖွဲ့ဝင် ၅ ဦးကို PNO/PNA ပြည်သူ့စစ်အဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် ပင်လောင်းမြို့နယ်၊ ပင်မွန်း‌ကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာ၌ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု PNLO/PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ သတ်ဖြတ်ခံရသူများမှာ ခွန်ထွန်းဦး (စုမှူး)၊ ခွန်ရှိန် (ဒုစိတ်မှူး)၊ ခွန်သန်းဖေ (ရုဲင်းဖက်)၊ ခွန်ကြယ်စင် (ရုဲင်းဖက်)နှင့် ခွန်ရဲနောင် (ရုဲင်းဖက်)တို့ ဖြစ်ကြောင်း သိရသည်။
.
ရုပ်အလောင်းများအား ပြန်လည် ရရှိခြင်း မရှိသေးဘဲ မည်သည့်နေရာတွင် ဖျောက်ထားသည်ကို မသိရသေးကြောင်း PNLO/PNLA ၏ ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည်။
.
ယင်းကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချကြောင်းနှင့် ပြဿနာအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဟု PNLO/PNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats