ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုအပေါ် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF)က ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
.
PNO/PNA ပြည်သူ့စစ် အဖွဲ့၏
ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည့် PNLO/PNLA ရဲဘော် ၅ ဦးကိုလည်း ဝမ်းနည်းစွာ ဦးညွှတ်အလေးပြုကြောင်း
သဝဏ်လွှာတွင် ဖော်ပြထားသည်။
.
အကြောင်းအရင်း တိကျ သေချာခြင်း
မရှိဘဲ တရားလက်လွှတ် ဖမ်းဆီးသတ်ဖြတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့်
ယခု ဖြစ်ပေါ်သည့် ကိစ္စအတွက် PNO/PNA ပြည်သူ့စစ်အနေဖြင့် တာဝန်ယူ/ခံမှု ရှိရှိဖြင့်
တရားမျှတမှု ရှိစွာ ဖြေရှင်းပေးရန် သတိပေးတောင်းဆိုသည်ဟုလည်း PNDF ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
PNLO/PNO အဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်ကာ၊ PNDF သည် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် ဖွဲ့စည်းထားသော တော်လှန်ရေးအဖွဲ့ ဖြစ်ပြီး PNO/PNA အဖွဲ့မှာ စစ်ကောင်စီတပ်၏ လက်အောက်ခံ အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ အဖွဲ့ ဖြစ်သည်။