.
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တို့၏
လုပ်ရပ်များကို ရှုတ်ချကြောင်း အင်းလေး ဒေသ ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုကွန်ရက်က
ယမန်နေ့ စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
စစ်တပ်မှ အာဏာလုယူပြီးသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ စစ်ကောင်စီတပ်နှင့်
PNA တို့သည် အင်းလေး ဒေသ၊ ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာ၌ တပ်စွဲ၍ လမ်းမပေါ် ဖြတ်သန်းသွားလာသူများကို
အကြောင်း အမျိုးမျိုး ပြကာ အတင်းအဓမ္မ ငွေညစ်ခြင်း၊ ရိုက်နှက်ခြင်းများအပြင် ကုန်တင်ယာဉ်မောင်းအား
ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ဖယ်ခုံမြို့နယ်၊ လွယ်ပေါဒေသအတွင်းရှိ
ပြည်သူ အိုးအိမ်များကို မီးရှို့ခြင်း၊ ရွှေငွေ၊ အဝတ်အစားများနှင့် အိမ်ထောင်ပရိဘောဂအပါအဝင်
ထွေလာဂျီ အစီးရေ ၁၅၀ ကျော်၊ လက်ကိုင်ထွန်စက် အစီး ၅၀၀ ကျော်၊ ဆိုင်ကယ် အစီးရေ ၂၀၀၀
ကျော်တို့ကို ယူဆောင်၍ အင်းလေးဒေသအတွင်း လာရောက်ရောင်းချခြင်း၊ သယ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာနှင့် ကုန်းသာရှမ်းရွာများသို့
PNA တပ်များ ရောက်ရှိလာပြီး လူ ၃ ဦးကို မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ဖမ်းဆီးကာ
ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခဲ့ကြောင်း အင်းလေးဒေသ ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့က
ဆိုသည်။
.
အလားတူ ပြောင်းကုန်သည်ကား ၃ စီးအား စံကားကျေးရွာအနီး၌ ဖမ်းဆီး၍
ငွေကျပ် သိန်း ၁၀၀ ကျော်ဖိုး အဓမ္မ တောင်းခံခဲ့ခြင်းကိုလည်း ပြင်းထန်စွာ ရှုပ်ချသည်ဟု
ဖော်ပြထားသည်။
.
အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်ကို PNO နယ်မြေအဖြစ် ပြောဆိုခြင်း၊
ဝင်ရောက်တပ်စွဲခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ကာ လက်နက်အားကိုး ဗိုလ်ကျခြင်း၊ ဖမ်းဆီးငွေညစ်ခြင်း
စသည့်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း အင်းလေးဒေသ ဖက်ဒရယ်လှုပ်ရှားမှုကွန်ရက်က
ထုတ်ပြန်ထားခြင်းဖြစ်သည်။
.
အင်းလေးဒေသ ဖက်ဒရယ်ဒီမို လှုပ်ရှားမှု
ကွန်ရက်သည် အင်းလေးဒေသဖွား လူမျိုးစုံ၊ တိုင်းရင်းသားများဖြင့်
ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း သိရသည်။
.
#KBZTai #3September2022
.
Link –
.