.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ဖယ်ခုံမြို့နယ် အတွင်း၌ ပြုလုပ်နေသော လောင်းကစားဝိုင်းများကို ထိရောက်သည့်
အရေးယူမှုများ လက်တွေ့ လုပ်ဆောင်သွားမည်ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(Pekhon
PDF)၊ တပ်ရင်း(၂)က ယမန်နေ့ စက်တင်ဘာလ
၁၈ ရက်၊ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
.
.လောင်းကစားဝိုင်းများကို
ထိရောက်စွာ ကိုင်တွယ် အရေးယူမည်ဟု သတိပေးခဲ့သော်လည်း သတိပေးချက်ကို လိုက်နာခြင်း
မရှိဘဲ ဆက်လက် လုပ်ဆောင်နေသဖြင့် ဒုတိယအကြိမ် သတိပေးခြင်းအဖြစ်
လောင်းကစားဒိုင်များထံ ဖုန်းဖြင့် ဆက်သွယ် သတိပေးပြီးနောက် ယင်းကဲ့သို့
အရေးယူမှုကို လက်တွေ့ လုပ်ဆောင်မည်ဟု ထုတ်ပြန်လာခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်အာဏာသိမ်းမှု
ဖြစ်ပေါ်ပြီးနောက် ဖယ်ခုံမြို့နယ် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်
အသီးသီးတွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေလျက် ရှိရာ ဒေသ
အများစုတွင် ဒုစရိုက်မှုများ ပိုမို ဖြစ်ပွားလာနေကြောင်း သိရသည်။
.