စစ်တပ်ပိုင် ရွှေမန်းသူနှင့် ရှမ်းမလေးယာဉ်လိုင်းများကို လိုက်ပါစီးနင်းခြင်းမပြုရန် စစ်ကိုင်း PDF အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်တပ်ပိုင် ရွှေမန်းသူနှင့် ရှမ်းမလေးယာဉ်လိုင်းများကို လိုက်ပါစီးနင်းခြင်းမပြုရန် စစ်ကိုင်း PDF အသိပေး

.

စစ်တပ်ပိုင် ရွှေမန်းသူနှင့် ရှမ်းမလေး ခရီးသည်တင်ယာဉ်လိုင်းများကို မိုင်းဆွဲ တိုက်ခိုက်မည်ဖြစ်၍ လိုက်ပါ စီးနင်းခြင်း မပြုကြရန် ပြည်သူများအား စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံအသိပေးချက် ထုတ်ပြန် ထားသည်ဟု သိရသည်။

.


.

ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စစ်ကောင်စီတပ်၏ စီးပွားရေးဦးပိုင်လိမီတက်မှ ရွှေမန်းသူ ရှမ်းမလေး ယာဉ်လိုင်းခရီးစဉ်များတွင် လိုက်ပါ စီးနင်းမပြုရန် ယမန်နေ့ စက်တင်ဘာလ ၈ ရက်တွင် အသိပေးချက် ထုတ်ပြန် ထားခြင်းဖြစ်သည်။

.

အဆိုပါ စစ်တပ်ပိုင်ကားများဖြင့် ခရီးစဉ် လိုက်ပါစီးနင်းပါက တာဝန်ယူမည်မဟုတ်ဘဲ စီးနင်းသူများ၏ တာဝန်သာ ဖြစ်ကြောင်းနှင့် တော်လှန် ရေးအင်အားစုများက စစ်တပ်ပိုင် လုပ်ငန်းများကို ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကားများ ခရီးစဉ်လမ်းကြောပေါ် ရောက် ရှိလာပါက မိုင်းဆွဲတိုက်ခိုက်မည်ဖြစ်ကြောင်း စစ်ကိုင်း PDF က ထုတ်ပြန်ထားသည်။

.

 

Journal Download

Photo of three cats