မိုးဗြဲ PDF ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို တစ်ပတ်အကြာ၌ ရေတွင်းထဲမှ ပြန် တွေ့ (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲ PDF ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို တစ်ပတ်အကြာ၌ ရေတွင်းထဲမှ ပြန် တွေ့ (ရုပ်သံ)



ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်က ဖြစ်ပွားသည့် မိုးဗြဲ လွယ်ယင်းမင်္ဂလာကျေးရွာ တိုက်ပွဲ၌ ပျောက်ဆုံးနေသည့် မိုးဗြဲ PDF ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ရေတွင်းထဲမှ ပြန်လည် တွေ့ ရှိခဲ့သည်ဟု ယနေ့တွင် မိုးဗြဲ PDF လင်းယုန်တပ်ခွဲ- ထောက်ပို့ က ထုတ်ပြန်သည်။

.

“ သေဆုံးရဲဘော် ရုပ်အလောင်းအား ပြန်လည်စစ်ဆေးချက်အရ အကြမ်းဖက် စ.က.စ ရဲ့ ပစ်ခတ်မှုကြောင့် ရဲဘော် ၂ ဦးသည် ပွဲချင်းပြီး သေဆုံးသည်ဟု ယူဆရပြီး ကျန်ရဲဘော် တစ်ဦးသည် ညာဘက်ခြမ်း ပေါင်သားတွင် သေနတ်ကျည် ထိမှန်ကာ လှုပ်ရှား၍ မရသည့် အနေအထားကြောင့် စ.က.စရဲ့ မသေမချင်း ရက်စက်မှု မျိုးစုံနေအောင် ခံစားခဲ့ရပြီးမှ သေဆုံးသည်ဟု ယူဆရပါသည် “ ဟု မိုးဗြဲ PDF လင်းယုန်တပ်ခွဲ- ထောက်ပို့ က ဆိုသည်။

.

အဆိုပါ ရဲဘော်များ၏ ရုပ်အလောင်းများကို ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်တွင် ၃၅ ပေ အနက်ရှိ ရေတွင်း အတွင်းမှ ပြန်လည် ဆည်ယူခဲ့ရခြင်း ဖြစ်ပြီး ကောင်းမွန်စွာ သဂြိုလ်ခဲ့သည်ဟု သိရသည်။

.‌

Link - https://youtu.be/HopMX2Uf51g

Journal Download

Photo of three cats