ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)မှ တပ်ဖွဲ့ဝင် ၄ ဦး ယခု စက်တင်ဘာလအတွင်း ကျဆုံးခဲ့ရသည်ဟု သိရသည်။
.
စက်တင်ဘာလ ၉ ရက်မှ ၂၅ ရက်အထိ ၁၆ ရက်တာကာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ ရဲဘော် ၄ ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု DMO-Local PDF က ထုတ်ပြန်သည်။
.
DMO-Local PDF အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် စုစုပေါင်း တိုက်ပွဲ ၁၅၆ ကြိမ် ဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲများတွင် တပ်ဖွဲ့ဝင် စုစုပေါင်း ၃၉ ဦး ကျဆုံးခဲ့ပြီး ကျဆုံးသွားသော ရဲဘော်အားလုံး၏ မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနှင့် ရဲဘော်များအား အလေးနီပြုရင်း ပြည်သူ့သူရဲကောင်း အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်သွားမည်ဟု DMO-Local PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။