ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်၏ စက်လှေများကို မြို့လှ PDF က စောင့်ကြိုတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်၏ စက်လှေများကို မြို့လှ PDF က စောင့်ကြိုတိုက်ခိုက်

.

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ (၇၈) မှ အင်အား ၁၀၀ ခန့်ပါ စက်လှေ ၄ စီးကို မြို့လှ K-PDF  က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စက်လှေ ၃ စီး နှစ်မြုပ်ပြီး စစ်ကောင်စီတပ်သား ၂၇ ဦး ထက်မနည်း သေဆုံးကြောင်း မြို့လှ K-PDF က ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

.

.

မြို့လှ K-PDF တပ်ရင်းနယ်မြေအတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှ တပ်မ(၈၈) လက်အောက်ခံ ခလရ (၇၈)မှ အင်အား ၁၀၀ ခန့်သည် ရွှေကူမြို့ ကျွန်တော်ရွာမှ မိုးစစ် ကျေးရွာဘက်သို့ စက်လှေ ၄ စီးဖြင့် ကူးလာစဉ် မြို့လှ K-PDF တပ်ခွဲ(၁)ဗိုလ်မိုးကြိုး ဦးစီးသော အဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စက်လှေ ၃ စီး နစ်မြုပ်ခဲ့ပြီး ၂၇ ဦးထက်မနည်း သေဆုံးကာ ရွှေကူမြို့သို့ ဒဏ်ရာရသူ ၅ ဦးသယ်ယူသွားရကြောင်း သိရသည်။

.

တိုက်ခိုက်မှုအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်မှ မိုးစစ်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အရပ်သားပြည်သူ ၄ ဦးထိခိုက်ကာ ၇ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

.

အဆိုပါတိုက်ပွဲတွင် မြို့လှ K-PDF တပ်ရင်းဘက်မှ အထိခိုက်မရှိခဲ့ကြောင်း မြို့လှ K-PDF က ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats