.
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊
မစိန်ရွာ နယ်မြေရဲစခန်းကို စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး
စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကလေးဝ ပြည်သူ့ကာကွယ်ရေးတပ်က သတင်း ထုတ်ပြန်ထားသည်။
.
.အဆိုပါ တိုက်ခိုက်မှုအတွင်း
စစ်ကောင်စီလက်အောင်ခံ ရဲ ၇ ဦး သေဆုံးပြီး အချို့မှာ ဒဏ်ရာပြင်းထန်စွာဖြင့် ထွက်ပြေး
သွားသည့်အတွက် သေဆုံးသူ တိုးလာနိုင်ကြောင်း သိရသည်။
.
တိုက်ခိုက်မှုတွင်
PDF တပ်ဖွဲ့ဝင်များ အထိအခိုက်
အကျအဆုံး မရှိခဲ့ဘဲ စခန်းကို မီးရှို့ဖျက်ဆီးပြီး အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း
သိရသည်။
.
ထို့အပြင် တိုက်ပွဲအတွင်း
G3 သေနတ် ၅ လက်၊ Uzi သေနတ် ၂ လက်၊ M79 လောင်ချာ ၁ လက် နှင့်ကျည်များ၊ ခဲယမ်းများ၊ ဆိုင်ကယ်
၄ စီးနှင့် ဆက်သွယ်ရေးစကားပြောစက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲအတွင်း
ဒေသခံ အရပ်သားအမျိုးသမီး ထိခိုက်သေဆုံးခဲ့ကြောင်း ကြားသိရသည့်အတွက် ယင်းကဲ့သို့ အသက်ဆုံးရှုံးရမှုအပေါ်
အထူးစိတ်မကောင်း ဝမ်းနည်းဖြစ်ရကြောင်းနှင့် ဖြစ်စဉ်အတွက် ကာယကံရှင်မိသားစုအား လေးလေးနက်နက်
တောင်းပန်ကြောင်း ကလေးဝ PDF က ထုတ်ပြန်ထားသည်။
.