မတ္တရာမြို့နယ်မှ ဓားပြဂိုဏ်းကို PDF က ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မတ္တရာမြို့နယ်မှ ဓားပြဂိုဏ်းကို PDF က ဖမ်းဆီး



မတ္တရာမြို့နယ်အတွင်း၌ ဓားပြအဖွဲ့အား ဖမ်းဆီးခဲ့ကြောင်း ဝက်လက်မြို့နယ်၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊ ရွှေဘိုခရိုင်၊ တပ်ရင်း (၁၈) က ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

.

ယင်းအဖွဲ့သည် မတ္တရာမြို့နယ် ဧရာဝတီမြစ်ရိုးတလျှောက်၌ ဓားပြမှုပေါင်း များစွာ ကျူးလွန်နေသည့် အဖွဲ့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.




စိန်ပန်းကုန်းကျေးရွာ၌ ဓားပြဂိုဏ်း ခေါင်းဆောင်များ နိုင်ဝင်းနှင့် ငြိမ်းဇော် တို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သက်သေခံပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိသူများအား အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေသည်ဟု သိရသည်။

Journal Download

Photo of three cats